Sunday, February 12, 2017
Gray Mold ( အညိုရောင် မှိုရောဂါ )
၇။ Gray Mold ( အညိုရောင် မှိုရောဂါ )
Botrytis cinerea
ရောဂါလက္ခဏာများမှာ - တွေ့မြင်ရ အများဆုံး လက္ခဏာမှာ အရွက်များ၊ ပင်စည်များ နှင့် ပန်းပွင့်များ ရုတ်တရက် ကြွေကျ ပျက်စီးခြင်းများပင် ဖြစ်သည်။ ရောဂါရ အနာကွက်သည် ပုံစံမမှန်သော ရေစိုနာကွက်ပုံစံ လျှင်မြန်စွာ ကြီးထွားလာပြီး ပျိုးပင်ငယ်များကို သေစေသည်။ ငရုတ် အပင်ကြီးများတွင် အကိုင်းများကို ကျိုးကျစေသည်။ ကျိုးကျ၍ သေဆုံးသွားသော အပင်ပေါ်တွင် အညိုရောင် မှိုမျိုးစေ့များ အုပ်စုလိုက်ရှိနေသည်ကို တွေ့ရတတ်သည်။ ငရုတ် အသီးတောင့်များသို့လည်း ကူးစက် ကျရောက်တတ်သည်။ အသီးတောင့်ပေါ်ရှိ ရောဂါရ အနာကွက်သည် အစိမ်းဖျော့ရောင် အနာကွက်ပုံ ဖြစ်ပြီး၊ အသီးတောင့် တစ်ခုလုံးသို့ ဆက်လက်ကျယ်ပြန့်လာသည်။
ဖြည့်စွက် အချက်အလက်များမှာ - ထွန်ယက်မှု မကောင်းသော စိုက်ခင်းများနှင့် ဖုံးအုပ်မှုများသော ပျိုးဘောင်များတွင် အစိုဓာတ် မြင့်မားမှုကြောင့် ၎င်း မှိုရောဂါ ကျရောက်လွယ်သည်။ စိုက်ခင်းအတွင်း မိုးရွားသွန်းခြင်း နှင့် အစိုဓာတ် များပြားခြင်းကို နှစ်သက်သည်။ ခူးဆွတ်ပြီးနောက်ပိုင်း သိုလှောင်ရာတွင်လည်း ကူးစက် ကျရောက်တတ်သည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment