Sunday, February 12, 2017

Powdery Mildew ( ဖားဥမှို ရောဂါ )


၉။ Powdery Mildew ( ဖားဥမှို ရောဂါ )
Leveillula taurica (asexual stage: Oidiopsis sicula)
ရောဂါလက္ခဏာများမှာ - ၎င်းရောဂါ ကျရောက်ခံရသော ငရုတ်ရွက်၏ မျက်နှာပြင်ပေါ်တွင် ဆဲလ်သေကွက် (သို့) အစက်အပြောက်များကို ဖြစ်စေပြီး၊ များပြား ပြင်းထန်လာသောအခါ ဒဏ်ရာများစုစည်းသွားသည်။ ရောဂါ ကျရောက်ခံရသော ငရုတ်ရွက်၏ အောက်ဘက် မျက်နှာပြင်တွင်လည်း အနာကွက်များကို ဖြစ်စေပြီး အဖြူရောင် အမှုန့်များဖြင့် ဖုံးအုပ်ထားသည်။ နောက်ပိုင်းတွင် အဖြူရောင် အမှုန့်များသည် အမည်းရောင်သို့ ပြောင်းသွားသည်။ ငရုတ်ပင်၏ ရင့်မာသော အရွက်များမှ တစ်ဆင့် အရွက်နုများသို့ ဆက်လက် ကူးစက်သည်။ ငရုတ်ရွက်များကို ခြောက်၍ ကြွေကျစေသည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်း မှိုရောဂါသည် ပူနွေး စိုစွတ်သော ရာသီဥတုကို နှစ်သက်သည်။ အရမ်းအေးသော ရာသီဥတုတွင် အနည်းငယ်သာ တွေ့ရတတ်သည်။ စိုထိုင်းဆ နည်းပါးချိန်တွင် အရွက်များကို ပိုမိုကြွေကျစေသည်။ ၎င်း မှိုရောဂါသည် တွယ်ကပ် ခိုအောင်းရာ သီးသန့် မရှိသော်လည်း၊ ခရမ်း၊ ငရုတ်၊ နှင့် ခရမ်းချဉ် တို့တွင် လှည့်လည် ခိုကပ် အသက်ရှင်နိုင်သည်။ ၎င်းရောဂါ ကျရောက်၍ ငရုတ် အရွက်များ အလွန်အမင်း ကြွေကျပါက အသီးတောင့်များ၏ အရွယ်အစားနှင့် အရေအတွက်မှာ နည်းသွားမည် ဖြစ်သည်။ ၎င်းရောဂါ ပြင်းထန်စွာ ကျရောက်ပါက မှိုရောဂါ သတ်ဆေးများကို အသုံးပြုသင့်သည်။


ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment