Sunday, February 12, 2017

Bacterial Spot ( ဘက်တီးရီးယား ရွက်ပြောက်ရောဂါ )

၂။ Bacterial Spot ( ဘက်တီးရီးယား ရွက်ပြောက်ရောဂါ )
Xanthomonas campestris pv. vesicatoria
ရောဂါလက္ခဏာများမှာ - ငရုတ်ပင်၏ အရွက်၊ အသီး၊ နှင့် ပင်စည်များပေါ်တွင် ကျရောက်သည်။ အရွက်ပေါ်ရှိ အနာကွက်သည် အစပိုင်း၌ အဝိုင်းပုံ ရေစိုနာကွက် အစက်အပြောက်ဖြစ်ပြီး၊ နောက်ပိုင်း၌ ပါးလွှာသော ရောဂါ အနားသတ်နှင့် အလယ်တွင် အညိုရောင်   ဆဲလ်သေ ကွက် ပုံစံ အနာကွက်သည် ကျယ်ပြန့်လာသည်။ ကျယ်ပြန့်လာသော အနာကွက်၏ အလယ်သည် ကောက်ရိုးရောင် ကဲ့သို့ ဖြစ်လာသည်။ ပုံမှန်အားဖြင့် အနာကွက်များသည် ငရုတ်ရွက်၏ အပေါ်ဘက် မျက်နှာပြင်ပေါ်တွင် စတင် ကျယ်ပြန့်လာပြီး အောက်ဘက် မျက်နှာပြင်သို့ ဆက်လက် ကျယ်ပြန့်ကာ အနည်းငယ် ရှုံ့တွလာသည်။ ရောဂါရ ပြင်းထန်သော အရွက်များမှာ အဝါရောင်ပြောင်းပြီး အောက်သို့ ကြွေကျသည်။ အရွက်များ ကြွေကျခြင်းသည် အဓိက လက္ခဏာ ဖြစ်သည်။
ငရုတ်သီး ပေါ်ရှိ ရောဂါရ အနာကွက်ကို ကြွက်နို့ ပုံစံ အညိုရောင် အနာကွက်အဖြစ် တွေ့ရနိုင်သည်။
ပင်စည်ပေါ်တွင် သေးသွယ်၊ ရှည်လျှားသော အနာကွက်များ ( သို့) အစင်းကြောင်းများ အဖြစ် တွေ့မြင်နိုင်သည်။

ဖြည့်စွက် အချက်အလက်များမှာ - ၎င်းရောဂါကို ငရုတ် သီးနှံ စိုက်ပျိုးရာ နေရာတိုင်း၊ ရေသွင်း ရေထုတ် များသော (သို့) မိုးများသော ဒေသတိုင်းတွင် တွေ့ရနိုင်သဖြင့် ပထဝီ သဘောအရ အရမ်း ကျယ်ပြန့်စွာ တွေ့ရတတ်သည်။ ပူနွေးစိုဆွတ်သော ရာသီဥတု တွင် လျှင်မြန်စွာ ကူးစက် ပျံ့နှံ့သည်။ ဘက်တီးရီးယား ရောဂါသည် မျိုးစေ့ မှတစ်ဆင့် ကူးစက် နိုင်သလို ရိုးပြတ် အကြွင်းအကျန်များတွင် ကျန်ရှိကာ ကူးစက် နိုင်သည်။ ရောဂါကင်းသော မျိုးစေ့ ဖြစ်ရန် မျိုးစေ့ကို သန့်ရှင်းခြင်း နှင့် သီးနှံ လှည့်ပြောင်း စိုက်ပျိုးခြင်းတို့ ပြုလုပ်ရန် အရေးကြီးသည်။ ကော့ပါး ပါဝင်သော ဆေးများ ဖြန်းခြင်းဖြင့် ရောဂါ ကျရောက်မှု နှုန်းကို လျှော့ချနိုင်သည်။


ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment