Sunday, February 12, 2017

Root-Knot ( ငရုတ် မြစ်ဖု နီမတုတ် ရောဂါ )


Root-Knot ( ငရုတ် မြစ်ဖု နီမတုတ် ရောဂါ )
Meloidogyne incognita; occasionally M. arenaria or M. hapla
ရောဂါ လက္ခဏာများမှာ - မြေပေါ် လက္ခဏာများမှာ အပင်အရပ် ပုခြင်း၊ အဝါရောင် ပြောင်းခြင်း၊ အပင်ညှိုးခြင်း နှင့် ပင်ပိုင်း ကြီးထွားမှု ရပ်တန့်သွားခြင်းတို့ ဖြစ်သည်။ ရောဂါရ အပင်၏ အမြစ်ပိုင်း လက္ခဏာများမှာ အမြစ်များ၏ အရွယ်အစား သေးငယ်နေပြီး၊ သေးငယ်သော အဖုများ၊ အကျိတ်များကို တွေ့ရသည်။ ရောဂါရ ငရုတ်ပင်၏ အမြစ်တွင် ကျရောက်သော နီမတုတ် အဖု၊ အကျိတ်များသည် ခရမ်းချဉ်၊ (သို့) သခွားမျိုးနွယ် အပင်များတွင် နီမတုတ် အဖု၊ အကျိတ်များနှင့် မတူဘဲ အရွယ်အစား အလွန်သေးငယ်သည်။ ပုံမှန်အားဖြင့် ၎င်း နီမတုတ် ရောဂါ သည် စိုက်ခင်းအတွင်း ကျရောက်လေ့ရှိသော နေရာတွင်သာ ဖြစ်ပွားလေ့ရှိသည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်း မြစ်ဖု နီမတုတ် ရောဂါသည် ပူနွေးသော ဒေသများတစ်လျှောက် ပျံ့နှံ့ အသက်ရှင်နိုင်သည်။ မြစ်ဖု နီမတုတ် ရောဂါကို သဲဆန်သော မြေများတွင် ပိုမို တွေ့မြင်နိုင်သည်။ ၎င်းရောဂါကို ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြု စိုက်ပျိုးခြင်း၊ နှံစားသီးနှံများ၊ မြက်မျိုးရင်းဝင် အပင်များကို နှစ်ရှည် သီးလှည့် စိုက်ပျိုးခြင်းတို့ကို ပြုလုပ်သင့်သည်။ စိုက်ပျိုးမည့် မြေပြင်အား မှိုသတ်ခြင်း၊ နှင့် နီမတုတ် သတ်ဆေးများ အသုံးပြုခြင်းသည်လည်း ထိရောက်သော ရောဂါ ထိန်းချုပ်နည်းများပင် ဖြစ်သည်။


ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment