Sunday, February 12, 2017
Cercospora Leaf Spot ( Frogeye ) ( ဖားမျက်စိ ရွက်ပြောက် ရောဂါ )
၂။ Cercospora Leaf Spot ( Frogeye ) ( ဖားမျက်စိ ရွက်ပြောက် ရောဂါ )
Cercospora capsici
ရောဂါလက္ခဏာများမှာ - ပုံသေအားဖြင့် အရွက်ပေါ်ရှိ အနာကွက်များသည် အညိုရောင် နှင့် သေးငယ်သော အဝိုင်းပုံဖြစ်ပြီး၊ ကြီးလာပါက အနာကွက် အလယ်သည် အညိုရောင် ဖျော့ဖျော့ နှင့် အညိုရင့်ရောင် အနားသတ်ပုံ ဖြစ်သည်။ ၎င်း အနာကွက်များသည် အချင်းအားဖြင့် ၁စင်တီမီတာ နှင့် အထက် ရှိပြီး၊ တစ်ခါတစ်ရံ တစ်ခုနှင့်တစ်ခု ဆက်သွားသည်။ ပင်စည်၊ အရွက် ရိုးတံ နှင့် ပန်းခိုင်တို့အပေါ်ရှိ အနာကွက်သည်လည်း အညိုရင့်ရောင် အနားသတ်နှင့် အညိုဖျော့ရောင် ဗဟို ရှိသော်လည်း ပုံသေအားဖြင့် ရှည်မျောမျော ဘဲဥပုံ ဖြစ်သည်။ ရောဂါရ အရွက်များမှာ အဝါရောင်သန်းခြင်း ရှိသလို၊ အဝါရောင် မဖြစ်ခြင်းလည်း ရှိသည်။ ရောဂါ ပြင်းထန်စွာ ကျရောက်ပါက အရွက်များ ကြွေကျခြင်းကို တွေ့ရသည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်း မှိုရောဂါသည် ငရုတ် မျိုးစေ့ ပေါ်တွင် အသက်ရှင်နေနိုင်သလို ပင်ကြွင်း၊ ပင်ကျန်များတွင် လည်း တွယ်ကပ် နေနိုင်သည်။ စိုက်ခင်းအတွင်း အစိုဓာတ် ကြာရှည်ရှိပါက အရွက်များ ကြွေကျခြင်းကို ဖြစ်စေသည်။ အရွက်များ အလွန်အမင်း ကြွေကျခြင်းကြောင့် အသီးတောင့်များ နေလောင်ခြင်း နှင့် ပင်ပိုင်း ကြီးထွားမှု နှေးကွေးခြင်းတို့ကို ဖြစ်စေသည်။
၎င်း မှိုရောဂါ စတင် ကြီးထွားချိန်တွင် မှိုရောဂါ သတ်ဆေးများ အသုံးပြု နှိမ်နင်းရန် လိုအပ်သည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment