Sunday, February 12, 2017
Choanephora Blight ( ငရုတ် ခေါင်ညွန့်ကျိုး/ညှိုး ရောဂါ )
၃။ Choanephora Blight ( ငရုတ် ခေါင်ညွန့်ကျိုး/ညှိုး ရောဂါ )
Choanephora cucurbitarum
ရောဂါလက္ခဏာများမှာ - အစပိုင်း ရောဂါလက္ခဏာများကို ပန်းပွင့်များ၊ ပန်းခိုင်များ၊ သို့မဟုတ် ငရုတ်ပင် အပေါ်ပိုင်း အညွန့်များတွင် တွေ့ရသည်။ ရောဂါရ တစ်ရှူး အသားစသည် အညိုရောင်မှ အမည်းရောင်သို့ ပြောင်းသွားသည်။ ထို့နောက် ၎င်း မှိုရောဂါသည် အောက်ဘက်သို့ လျှင်မြန်စွာ ကူးစက်သွားပြီး၊ ငရုတ်ပင် အပေါ်ပိုင်း တစ်ခုလုံးကို သေစေနိုင်သည်။ ရောဂါရ အစိတ်အပိုင်းမှ မှို မျိုးစေ့ အသစ်များ ထုတ်လုပ်သောအခါ ငွေရောင်မှ အညိုရောင် အမွှေးအမျှင်ငယ်လေးများကို ဖြစ်စေသည်။ အစိုပုပ် ရောဂါလက္ခဏာကို ၎င်း ရောဂါရ နေရာတွင် တွေ့နိုင်သည်။
ဖြည့်စွက် အချက်အလက်များမှာ - အပူပိုင်းဒေသများ၏ မိုးရာသီ၌ စိုက်ပျိုးသော ငရုတ် စိုက်ခင်းများတွင် ဆိုးရွားစွာ ဖျက်စီးလေ့ရှိသည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment