Sunday, February 12, 2017

Anthracnose ( Ripe Rot ) ( ငရုတ် မှဲ့ပြောက်စွန်း ရောဂါ )


၁။ Anthracnose ( Ripe Rot ) ( ငရုတ် မှဲ့ပြောက်စွန်း ရောဂါ )
Colletotrichum gloeosporioides, C. capsici, C. acutatum, and C. coccodes

ရောဂါလက္ခဏာများမှာ - မှဲ့ပြောက်စွန်း ရောဂါကို ငရုတ် စိုက်ခင်း အတွင်း တွေ့ကောင်းတွေ့ရ သော်လည်း ခူးဆွတ်ပြီး အသီးတောင့်များတွင် ပိုမိုတွေ့ရသည်။ ပုံသေအားဖြင့် ရောဂါလက္ခဏာသည် သေးငယ်သော၊ ရေစိုနာကွက်၊ ရှုံ့တွနေသော အနာကွက်များ အဖြစ် ရင့်မာသော အသီးတောင့်ပေါ်တွင် စတင်တွေ့ရပြီး၊ လျှင်မြန်စွာ ကျယ်ပြန့်လာသည်။ ကြီးမားသော အသီးတောင့် ပေါ်တွင် အချင်း ၃-၄ စင်တီမီတာ အထိ ကျယ်ပြန့်သည်။ ကောင်းစွာ ကျယ်ပြန့်လာသော အနာကွက်များသည် ရှုံ့တွနေပြီး၊ များပြားလှသော မှိုအသားစများ နှင့်အတူ အနီရင့်ရောင်မှ သံဖြူရောင်အထိ အရစ်လိုက် အနာကွက်ပုံများ ဖြစ်ပေါ်စေသည်။ ၎င်း အနာကွက်ပေါ်ရှိ အဝိုင်းကွင်းများပေါ်တွင် မှိုမျိုးစေ့ အစုအဝေးကို ပျံ့ကြဲစွာ တွေ့မြင်နိုင်သည်။ ရံဖန်ရံခါ၊ အချို့ဒေသများတွင် ခါးရိခြင်း၊ အညွန့် သေခြင်း၊ နှင့် ရွက်ပြောက် ရောဂါ လက္ခဏာများကို ပူးတွဲ တွေ့ရတတ်သည်။
ဖြည့်စွက် အချက်အလက်များမှာ - ရေသွင်း၊ ရေထုတ် များသော (သို့) မိုးရွာသွန်းမှု များသော ဒေသများတွင် ကျယ်ပြန့်စွာ ကျရောက်သည်။ မရင့်မှည့်သေးသော အသီးများပေါ်တွင် ရောဂါ ကျရောက်သည်။ သို့သော် ပုံမှန်အားဖြင့် ငရုတ် အသီးတောင့်များ ကောင်းစွာ မရင့်မှည့်မီ နှင့် နောက်ဆုံးအရောင် မပြောင်းမီအထိ ရောဂါလက္ခဏာများကို မပြသချေ။ ၎င်း ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားသည် မျိုးစေ့မှတစ်ဆင့် ပျံ့နှံ့သော ရောဂါ ဖြစ်ပြီး၊ နှုတ်သိမ်းပြီး အပင် အကြွင်းအကျန် များတွင် ခိုကပ် အသက်ရှင်နိုင်သည်။
မှိုရောဂါ သတ်ဆေးများ သုံးစွဲခြင်းဖြင့် ၎င်း ရောဂါကြောင့် ဖြစ်ပေါ်မည့် ဆုံးရှုံးမှုကို လျှော့ချနိုင်သည်။

ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment