Sunday, February 12, 2017
Stem Rot (Southern Blight, Collar Rot) ( ငရုတ် ပင်စည်ပုပ်၊ ပင်ခြေပုပ် ရောဂါ )
၁၀။ Stem Rot (Southern Blight, Collar Rot) ( ငရုတ် ပင်စည်ပုပ်၊ ပင်ခြေပုပ် ရောဂါ )
Sclerotium rolfsii (asexual stage: Pellicularia rolfsii)
ရောဂါလက္ခဏာများမှာ - ပုံမှန်အားဖြင့် ၎င်း မှိုရောဂါကို ငရုတ်ပင် အစုအဝေးထဲမှ တစ်ပင်တည်း ရုတ်တရက် သေဆုံးနေသော နေရာတွင် တွေ့ရတတ်သည်။ အစပိုင်းတွင် ရောဂါရအပင်မှ အရွက်များ အရောင်မပြောင်း သော်လည်း၊ နောက်ပိုင်းတွင် အဝါရောင် ပြောင်းလာသည်။ အောက်ခြေပင်စည်မှ အသားများမှာ အညိုရောင် ပြောင်းနေပြီး၊ အပေါ်ပိုင်း ပင်စည်နှင့် အောက်ပိုင်း အမြစ်တို့ကြား ၀င်ရောက် ဖျက်စီးသည်။ ပင်စည် အခြေတွင် အဖြူရောင် မှိုအစုအဝေးကို ပတ်လည်ပုံစံ တွေ့မြင်နိုင်သည်။ မုံညှင်းစေ့ခန့် ရှိသော စကယ်ရိုရှား မှိုမျိုးစေ့များမှာ အဖြူရောင်မှ အညိုရောင်အထိရှိပြီး၊ ဖျာကဲ့သို့ စုစည်းနေသည်။ အသီးတောင့်များနှင့် အကိုင်းများတွင်လည်း ကျကောင်း ကျရောက်ဖျက်စီးတတ်သည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်း မှိုရောဂါသည် ပူနွေးသော ရာသီဥတုကို နှစ်သက်သည်။ အစိုဓာတ်များပြီး၊ သင့်တော်သော အပူချိန်တွင် လျှင်မြန်စွာ ကြီးထွားသည်။ ၎င်း မှိုရောဂါ ခိုကပ် အသက်ရှင်ရာ နေရာများ များပြားသလို၊ စကယ်ရိုရှား မှိုများသည် ခိုကပ်စရာမလိုဘဲ ရှည်ကြာစွာ အသက်ရှင် ရပ်တည်နိုင်ကြသည်။ ထယ် နက်နက် ထိုးခြင်း၊ ပင်ကြွင်းပင်ကျန်များကို ကောင်းကောင်း ဆွေးမြေ့သည်အထိ ထားခြင်းများသည် ရောဂါ ကျရောက်မှုကို လျှော့ချနိုင်သည်။ ၎င်းရောဂါ ပြင်းထန်စွာ ကျရောက်တတ်သော နေရာများတွင် မြေဆောင်မှိုရောဂါ သတ်ဆေးများ သုံးခြင်း (သို့) မြေတွင်းအောင်း မှိုရောဂါ သတ်သော အဆိပ်ငွေ့ လွှတ်ခြင်း တို့ကို ပြုလုပ်သင့်သည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment