Sunday, February 12, 2017

Verticillium Wilt ( မတ်တပ်သေ၊ ထောင်လျှက် ပင်ညှိုး ရောဂါ )


၁၁။ Verticillium Wilt ( မတ်တပ်သေ၊ ထောင်လျှက် ပင်ညှိုး ရောဂါ )
Verticillium albo-atrum and V. dahliae
ရောဂါလက္ခဏာများမှာ - အစပိုင်း ရောဂါလက္ခဏာများမှာ အပင်ညှိုးခြင်းနှင့် အောက်ရွက်များ အပေါ်ဘက်သို့ လိပ်ကောက် နေတတ်သည်။ အရွက် ထိပ်ဖျားများနှင့် အနားသတ်များသည် ပထမအနေဖြင့် အဝါရောင်သို့ ပြောင်းပြီးနောက် အညိုရောင် ပြောင်းသွားသည်။ တစ်ဆက်တည်း ငရုတ်ပင်သည် ကြီးထွားမှု ရပ်တန့်သွားပြီး၊ တစ်ပင်လုံး ညှိုးလာသည်။ အရွက်များ အဝါရောင်ပြောင်းကာ စတင် ကြွေကျလာသည်။ မြေကြီးနှင့်ကပ်လျက် ငရုတ် ပင်စည်သည် သစ်သားချောင်းကဲ့သို့ ကျွတ်ဆတ်ကာ အညိုရောင်ပြောင်းလာသည်။ တစ်ခါတစ်ရံ အပေါ်ဘက် ကိုင်းခွ အထိ ကူးစက်တတ်သည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်းမှိုရောဂါကို ဥရောပ၊ ကနေဒါ၊ နှင့် အမေရိကန် မြောက်ပိုင်း နှင့် အရှေ့ပိုင်း တို့တွင် တွေ့ရသည်။ ခရမ်းချဉ်၊ ခရမ်း၊ အာလူး၊ နှင့် ဝါပင် များတွင်လည်း ကျရောက် ဖျက်စီးသည်။ မြေကြီးအတွင်း နှစ်ပေါင်းများစွာ ကြာရှည် အသက်ရှင်နိုင်သဖြင့် ၃-၄ နှစ်ဆက်၍ အထက်ပါ သီးနှံများကို ရှောင်ကာ သီးလှည့် စိုက်ပျိုးသင့်သည်။

ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment