Sunday, February 12, 2017

Damping-Off and Root Rot ( ငရုတ် သီးနှံ ခါးရိရောဂါ၊ မြစ်ပုပ် ရောဂါ နှင့် မြစ်ဆွေး ရောဂါ )


၎။ Damping-Off and Root Rot ( ငရုတ် သီးနှံ ခါးရိရောဂါ၊ မြစ်ပုပ် ရောဂါ နှင့် မြစ်ဆွေး ရောဂါ )
Rhixoctonia solani, Pythium spp., and Fusarium spp.
ရောဂါလက္ခဏာများမှာ - ခါးရိ ရောဂါ ( ၂)မျိုး ရှိသည်။ အပင်ငယ် မြေပေါ် မပေါက်မီ ခါးရိခြင်း ( မျိုးစေ့မှ ထွက်ခါစ အပင်ငယ်သည် မြေပေါ် မပေါ်မီ ခါးရိရောဂါ စတင် ၀င်ရောက်ခံရခြင်းကို ဆိုလိုပါသည်။ ) နှင့် အပင်ပေါက်ငယ်များ ရုတ်တရက် ညှိုးသေသွားခြင်း ( အပင်ငယ် ပေါက်ပြီး နောက်ပိုင်းမှ ရောဂါ ၀င်ခြင်းကို ဆိုလိုသည်။ ) တို့ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အပင်ပေါက်ငယ်များ၏ အမြစ်များ ပုပ်ဆွေး၍ ကြီးထားမှု ရပ်တန့်သွားခြင်း တို့ကို ဖြစ်ပေါ်စေပါသည်။ ပျိုးဘောင်ပေါ်ရှိ အပင်ငယ်များကိုလည်း အတန်းလိုက် သေစေနိုင်သလို၊ တိုက်ရိုက် အစေ့ချ အခင်းများတွင်လည်း ကွက်ကြား သေစေနိုင်သည်။
ဖြည့်စွက် အချက်အလက်များမှာ - မျိုးစေ့မှ အပင်မပေါက်မီ ၎င်း မှိုရောဂါ ဝင်ရောက်ပြီးသော်လည်း မြေကြီးပေါ် အပင်ငယ် ပေါက်လာပြီးမှသာ သေဆုံးမှုကို ဖြစ်စေသည်။ အပင်ငယ် ပေါက်ပြီး နောက်ပိုင်းမှ ရောဂါ ၀င်သောအခါ မြေကြီးနှင့် ကပ်လျှက်ရှိသော အပင်ငယ်၏ ခါးနေရာတွင် ၎င်းရောသည် ၀င်ရောက် ဖျက်စီး၍ အပင်ပေါက်ငယ်ကို လဲကျစေသည်။ ငရုတ် ပျိုးပင်ငယ်၏ ခါးနေရာ ပင်စည်သည် ရောဂါဝင်ရောက်၍ မာသွားသောအခါ အမြစ်ပုပ်ခြင်း နှင့် အမြစ်ဆွေးခြင်းတို့ကို ဆက်လက် ဖြစ်ပေါ်စေပါသည်။ အစိုဓာတ် များပြားပြီး၊ ကောင်းစွာ မဆွေးမြေ့သေးသော မြေများတွင် ငရုတ် အပင်ငယ်များကို သတ်နိုင်သော ၎င်း မှိုရောဂါကို ဖြစ်စေသည်။ ငရုတ် အပင်ငယ်များ ဆုံးရှုံးမှုမှ ကာကွယ်ရန် မှိုရောဂါ သတ်ဆေးများကို အသုံးပြုသင့်ပြီး၊ ငရုတ် ပျိုးဘောင်ကို ရေသွင်း၊ ရေထုတ် ကောင်းအောင် စီမံသင့်သည်။ စိုထိုင်းဆ မြင့်မားမှု မဖြစ်စေရန် ပျိုးဘောင်ကို ကောက်ရိုး၊ မြက်ခြောက် အနည်းငယ်ဖြင့် ဖုံးအုပ်ထားသင့်သည်။


ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment