Sunday, February 12, 2017
Bacterial Wilt ( ဘက်တီးရီးယား ပင်ညှိုး ရောဂါ )
၃။ Bacterial Wilt ( ဘက်တီးရီးယား ပင်ညှိုး ရောဂါ )
Pseudomonas solanacearum
ရောဂါလက္ခဏာများမှာ - စိုက်ခင်းဧရိယာ အတွင်း ရောဂါ ကျရောက်မှုကို ကွက်ကြား သော်လည်းကောင်း၊ အစုလိုက် သော်လည်းကောင်း တွေ့ရတတ်သည်။ ရောဂါ စတင်ဝင်ရောက်ချိန် အပင် လက္ခဏာမှာ ငရုတ် အပင်ကြီးများတွင် အောက်ရွက်များကို စတင် ညှိုးနွမ်းစေပြီး၊ ငရုတ် အပင်ငယ်များတွင် အပေါ်ရွက်များကို စတင် ညှိုးနွမ်းစေသည်။ ရက်အနည်းငယ် အတွင်း၌ ငရုတ်ပင် တစ်ပင်လုံး အဝါရောင် ပြောင်းခြင်းမရှိဘဲ ရုတ်တရက် ညှိုးနွမ်းသွားစေသည်။ ပင်စည်အောက်ခြေ၏ အစာရေကြော နှင့် အမြစ်များ အရောင်ပျက်သွားသည်။ ရောဂါရ ပင်စည် နှင့် အမြစ်များကို ထက်ပိုင်းဖြတ်၍ ကြည်လင်သောရေတွင် စိမ်ကြည့်လျှင် ဘက်တီးရီးယား ရောဂါမှ စိမ့်ထွက်သော အဖြူရောင် (သို့) နို့ရောင် အမျှင်တန်းများ ထွက်လာသည်ကို တွေ့ရနိုင်သည်။
ဖြည့်စွက် အချက်အလက်များမှာ - ဘက်တီးရီးယား ပင်ညှိုးရောဂါ သည် မိုးရွာသွန်းမှု များခြင်းနှင့် သက်ဆိုင်သော အပူပိုင်း ဒေသများနှင့် သမပိုင်း ဒေသများ၏ငရုတ် သီးနှံ စိုက်ပျိုးခြင်းအတွက် အဓိက ပြဿနာ ဖြစ်သည်။ ငရုတ် သီးနှံ အထွက်နှုန်းကို အကြီးအကျယ် ထိခိုက်စေနိုင်သလို ခရမ်းချဉ် ၊ ဆေးရွက်ကြီး၊ အာလူး၊ သို့ ခရမ်း ပင်တို့တွင်လည်း ကျရောက် ဖျက်စီးတတ်သည်။ ၎င်း ဘက်တီးရီးယား ရောဂါ သည် ခိုကပ် တွယ်အောင်းစရာ နေရာ ကျယ်ဝန်းစွာ ရှိပြီး၊ မြေကြီး အတွင်း၌ ရှည်ကြာစွာ အသက်ရှင် နေနိုင်သည်။ ၎င်းရောဂါ ဆိုးရွားမှုကို ထိန်းချုပ် နိုင်ရန် ခရမ်း မျိုးနွယ်ဝင် မဟုတ်သော သီးနှံများကို လှည့်ပြောင်း စိုက်ပျိုးနိုင်သည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment