Sunday, February 12, 2017
Fusarium Wilt ( ဖျူစေရီယမ် ပင်ညှိုး ရောဂါ )
၅။ Fusarium Wilt ( ဖျူစေရီယမ် ပင်ညှိုး ရောဂါ )
Fusarium oxysporum f.sp capsici
ရောဂါလက္ခဏာများမှာ - ၎င်းမှိုရောဂါ လက္ခဏာများမှာ အရွက်များ အနည်းငယ် အဝါရောင်ပြောင်းခြင်းနှင့် ငရုတ်ပင် အပေါ်ပိုင်း အရွက်များ ညှိုးနေခြင်းတို့ ဖြစ်သည်။ ထို့နောက် ရက်အနည်းငယ် အကြာတွင် အရွက်များသည် ကြွေမကျဘဲ လုံးလုံး ညှိုးနွမ်းသည်။ မြေပြင်ပေါ်ရှိ ရောဂါရ ငရုတ်ပင်ကို ကြည့်ရုံဖြင့်ပင် ထင်ရှားသလို၊ အပင်၏ အတွင်းပိုင်း အစာရေကြော များတွင်လည်း အရောင်ပျက်နေသည်ကို တွေ့ရနိုင်သည်။ အပင်၏ အခြေ ပင်စည်မကြီးနှင့် အမြစ်များတွင် အရောင်ပျက်၊ အရောင်ပြောင်းနေသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ရောဂါရ ငရုတ်ပင် စတင်သေခါစတွင် အခြေ ပင်စည်မကြီးနှင့် အမြစ်များ၏ အပြင်ပိုင်းများမှာ အရောင်ပျက်ခြင်း မရှိပါ။ ပုံမှန်အားဖြင့် ၎င်းရောဂါသည် နှစ်စဉ် ဖြစ်နေကျနေရာ (သို့) သတ်မှတ်နေရာတွင်သာ အကွက်လိုက် ဆိုးရွားစွာ ကျရောက်သည်။ သို့သော် ပြောက်ကျား ကျရောက်သည်လည်း တွေ့ရတတ်သည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်း မှိုရောဂါသည် အပူချိန် မြင့်ပြီး၊ အစိုဓာတ်များသော အခြေအနေကို နှစ်သက်သည်။ ငရုတ် စိုက်ခင်းအတွင်း ရေ၀ပ်သောနေရာ များတွင် ပိုမို ဖြစ်ပွားတတ်သည်။ ပထဝီသဘောအရ မည်သည့်နေရာမှ မည်သည့်နေရာသို့ ရွှေ့ပြောင်း ကျရောက် ဖျက်စီးတတ်သည်ကို မသိရှိနိုင်ပါ။ ဖျူစေရီယမ် ပင်ညှိုးရောဂါ နှင့် ပတ်သတ်သော စာတမ်းများ များစွာရှိသော်လည်း ၎င်း ပင်ညှိုးရောဂါဖြစ်စေသော ရောဂါ တွယ်ကပ် ခိုအောင်းရာများကို တိကျစွာ ခွဲခြမ်း မပြနိုင်သေးပါ။ ( စာပါ အတိုင်း ဘာသာပြန်ထားပါသည်။ )
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment