Sunday, February 12, 2017
Gray Leaf Spot ( အညိုရောင် ရွက်ပြောက် ရောဂါ )
၆။ Gray Leaf Spot ( အညိုရောင် ရွက်ပြောက် ရောဂါ )
Stemphylium solani
ရောဂါလက္ခဏာများမှာ - အရွက်ပေါ်ရှိ အနာကွက်များမှာ သေးငယ်၊ လုံးဝန်းသော အစက်အပြောက်များ ဖြစ်သည်။ ပုံမှန်အားဖြင့် အချင်း ၃ မီလီမီတာ အောက်ငယ်သည်။ အစက်၏ အလယ်တွင် အဖြူရောင် ရှိပြီး၊ သေးငယ်သော အနက်ရောင် အနားသတ် ရှိသည်။ အရွက်များပေါ်တွင် အနာကွက်များ များစွာ ဖြစ်ပေါ်လာသောအခါ၊ အရွက်များမှာ အဝါရောင်ပြောင်း၍ ကြွေကျကြသည်။ ပင်စည် နှင့် ရိုးတံများပေါ်ရှိ အနာကွက်များမှာ ဘဲဥပုံ ရှိပြီး၊ မညီမညာပုံစံ ဖြစ်သည်။ ငရုတ် အသီးတောင့်များတွင် မကျရောက်ပေ။
ဖြည့်စွက် အချက်အလက်များမှာ - အညိုရောင် ရွက်ပြောက် ရောဂါသည် ပျိုးဘောင်ပေါ်ရှိ ပျိုးပင်ငယ်များကို ထိခိုက်စေပြီး၊ အရွက်များ ချွေချခြင်း နှင့် ပင်စည်ကို ဒဏ်ရာဖြစ်စေသည်။ ပျိုးပင်ငယ်၏ ပင်စည်ကို ၎င်း ရောဂါ ကျရောက်သောအခါ ပျိုးပင်ငယ်သည် အထိမခံနိုင်အောင် ဖြစ်သွားပြီး၊ ပြောင်းရွှေ့စိုက်ပျိုးရန် နှုတ်ယူသောအခါ ကျိုးပဲ့လွယ်စေသည်။ သို့သော် အရွက်များပေါ်သို့ အစက်အပြောက်များ ကျရောက်ခြင်းကိုမူ အပင်သက်တမ်း တစ်လျှောက်လုံး တွေ့ရတတ်သည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment