Sunday, February 12, 2017
Bacterial Soft Rot ( ဘက်တီးရီးယား အပျော့ပုပ် ရောဂါ )
၁။ Bacterial Soft Rot ( ဘက်တီးရီးယား အပျော့ပုပ် ရောဂါ )
Ervinia carotovora pv. carotovora
ရောဂါ လက္ခဏာများမှာ − အပျော့ပုပ် ရောဂါ လက္ခဏာများကို ငရုတ် အသီးညှာ နှင့် ခူးဆွတ်ပြီး အသီး အသားပေါ်တွင် မကြာခဏဆိုသလို စတင်တွေ့ရတတ်သည်။ သို့သော် ရောဂါ ၀င်ရောက်ခြင်းကိုမူ ငရုတ်သီးပေါ်ရှိ မည်သည့်နေရာမဆို တွေ့ရနိုင်သည်။ ရောဂါရ အသီး၏ အတွင်းပိုင်း အသားများ ပျော့ပုပ်လာကာ၊ ရေစိုနာကွက် ပုံစံသည် ရက်အနည်းငယ်အတွင်း လျှင်မြန်စွာ ကျယ်ပြန့်လာသည်။ အပင်ပေါ်ရှိ ရောဂါရ အသီးသည် ရှုံ့တွကာ ရေဖြည့်ထားသော အိတ်ပုံစံ ဖြစ်လာသည်။ အထဲမှ အရည်များ ခန်းခြောက်သွားသောအခါ အခွံပါးမှာ ခြောက်ကပ်၍ ကျန်ရှိတတ်သည်။
ဖြည့်စွက် အချက်အလက်များမှာ - ကနဦးအားဖြင့် ဘက်တီးရီးယား ပျော့ပုပ် ရောဂါမှာ ခူးဆွတ်ပြီး နောက်ပိုင်း ကျရောက်တတ်သော ရောဂါ ဖြစ်သော်လည်း၊ စိုက်ခင်း အတွင်းတွင်လည်း ကျရောက်သည်။ ၎င်း ရောဂါသည် မိုးတွင်းကာလတွင် ဆိုးရွားစွာ ကျရောက်သည်။ အဘယ်ကြောင့်ဆိုသော် အစိုဓာတ်မြင့်မားမှုကြောင့် မြေပြင်မှ ဘက်တီးရီးယားများသည် အသီးများပေါ်သို့ လျှင်မြန်စွာ ကူးစက် ပျံ့နှံ့နိုင်၍ ဖြစ်သည်။ အသီးများ ရင့်မှည့်၍ ခူးဆွတ်သောအခါတွင်လည်း အသီးများကို ထိခိုက်မူမရှိစေဘဲ ခူးဆွတ်ရန် လိုအပ်သည်။ ရေဖြင့် ကြာရှည်စွာ ဆေးကြောခြင်းမပြုဘဲ ဆေးကြောပြီးပါက လျှင်မြန်စွာ အခြောက်လှန်းရန် လိုအပ်ပါသည်။
စိုက်ခင်းအတွင်း အသီးများကိုဒဏ်ရာရစေသော ဖျက်ပိုးများကို နှိမ်နင်းခြင်းဖြင့်လည်း ဘက်တီးရီးယား ရောဂါများ ကျရောက်မှုကို လျှော့ချနိုင်သည်။
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
The Team of The Farmer Times.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment